
Covid-19 ကူးစက်ခံထားရပြီးမှ ကာကွယ်ဆေးထိုးရန်လိုအပ်သေးလား??
Covid-19 ကူးစက်ခံထားရပြီးမှ ကာကွယ်ဆေးထိုးရန်လိုအပ်သေးလား?? Covid-19 ကူးစက်ခံထားရသူများသည် ရောဂါပိုးကို ခံနိုင်ရည်ရှိသည်။ သို့သော် ခုခံအားကျဆင်းမှုအပေါ် မူတည်၍ ဘယ်လောက်ကြာကြာခံနိုင်မလဲဆိုတာ အတိအကျ မသိနိုင်သောကြောင့် ယခင် ကူးစက်ခံထားရသူများလည်း ကာကွယ်ဆေးထိုးရန်လိုအပ်သည်။ အမေရိကန် CDC အကြံပေးကော်မတီဝင်အချို့ကလွန်ခဲ့သောရက်ပေါင်း ၉၀ အတွင်း Covid-19 ရှိခဲ့သူများသည် ကာကွယ်ဆေးထိုးရန် စောင့်ဆိုင်းစာရင်း၏နောက်ဆုံးတွင်ရှိသင့်ကြောင်းအကြံပြုကြသည်။ ကာကွယ်ဆေး ထိုးရမည့် အကြိမ် အရေအတွက်နှင့် ဈေးနှုန်းသည် အမျိုးအစားအပေါ် မူတည်၍ ကွဲပြားသည်။ AstraZeneca, Pfizer နှင့် Moderna ကာကွယ်ဆေးများကို နှစ်ကြိမ်ကာကွယ်ဆေးထိုးရမည် ဖြစ်ပြီး ပထမအကြိမ်အပြီး နောက်ထပ်ထပ်မံထိုးနှံခြင်းကာလသည် AstraZeneca နှင့် Moderna ဆေး အမျိုးအစားအတွက် ၄ ပတ်၊ Pfizer သည် ၃ ပတ်ဖြစ်ပြီး ၉၅% ကာကွယ်မှုအကျိုးသက်ရောက်မှုရှိသည်။…